ရန်ကုန်တိုင်းအတွင်း ဇူလိုင်လ ပထမပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၆၀၀) ကျော်ရှိပြီး သေဆုံးသူ (၄) ဦးရှိခဲ့

0
73

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင်လ ပထမပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၆၀၀) ကျော်ရှိပြီး သေဆုံးသူ (၄) ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောကြားသည်။

“ ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးက ပြီးခဲ့တဲ့ ဇူလိုင် ပထမ ပတ်အထိတော့ (၆၀၄) ဦးဖြစ်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလကနေ ဇူလိုင် ပထမ ပတ်အထိပေါ့။ ဖြစ်ပွားသူ (၆၀၄) ဦး၊ သေဆုံးသူ (၄) ဦး ရှိပါတယ်။ အဖြစ်အများဆုံးနေရာတွေက တောင်ဒဂုံ၊ မြောက်ဥက္ကလာပမြို့နယ်ပါ” ဟု ဒေါက်တာဌေးလွင်က ပြောသည်။

နှစ်စဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံ (အရှေ့)၊ သန်လျင်၊ လှည်းကူး၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များသည် ရောဂါဖြစ်ပွားနှုန်း အများဆုံးဖြစ်ခဲ့သော်လည်း ယခုနှစ်အတွင်း တောင်ဒဂုံမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားလျက်ရှိ‌နေကာ တစ်တိုင်းလုံးအနေအထားကိုကြည့်မည်ဆိုပါက ယခင်နှစ်ကထက် ရောဂါဖြစ်ပွားနှုန်း လျော့နည်းကြောင်းလည်း သိရသည်။

“ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဒီနှစ်ကထက် ပိုဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးက ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် ကပ်ရောဂါအသွင် ဖြစ်တတ်တော့ အရင် ၂၀၂၂ ခုနှစ်လောက်က ကပ်အသွင်ဖြစ်ပြီး ရန်ကုန်တိုင်းမှာ လူ ၄၀၀၀ ကျော် ရောဂါဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဇွန်၊ ဇူလိုင်ရောက်ပြီဆိုရင် ဖြစ်နှုန်းက အများကြီးထောင်တက်နေကျပါ။ ပြီးခဲ့တဲ့နှစ်က ဖြစ်နှုန်းထက်စာရင် ဒီနှစ်က လျော့ကျပါတယ်။ သေဆုံးနှုန်းလည်း လျော့ပါတယ်။ ပြီးခဲ့တဲ့နှစ်က (၄၀) ကျော် (၅၀) ဝန်းကျင် သေဆုံးမှုရှိခဲ့ပါတယ်” ဟု ဒေါက်တာဌေးလွင်က ဆက်လက်ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၅-၁၉၅၉ ခုနှစ် ငါးနှစ်တာအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၀၅ ဦးသာ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း နှစ်စဉ် လူဦးရေနှစ်သန်းကျော်အထိ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၇၄-၁၉၇၆ ခုနှစ်တွင် လူဦးရေ (၆၀၀၀) ကျော်သာဖြစ်ပွားခဲ့ရာမှ ၂၀၁၅ ခုနှစ်အတွင်းလူဦးရေ (၄၀၀၀၀) ကျော်အထိ ဖြစ်ပွားမှု မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ (၃၁၂ ၈၈) ဦးနှင့် သေဆုံးသူ (၁၉၂) ဦးနှင့် ၂၀၁၈ ခုနှစ် ပထမခြောက်လအတွင်း တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၄၀၀၀) ကျော်၊ သေဆုံးသူ (၈)ဦးအထိ ရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် များပြားနေဆဲဖြစ်ရာ ပျမ်းမျှတစ်နှစ်လျှင် လူ ဦးရေ (၁၀၀၀၀) ကျော်ဖြစ်ပွားပြီး လူဦးရေ (၆၀) ဝန်းကျ င်သေဆုံးနေကာ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးများတွင် ဖြစ်ပွားနှုန်းများ မြင့်တက်လေ့ရှိကြောင်း သိရသ ည်။

Photo Credit – MOH


LEAVE A REPLY

Please enter your comment!
Please enter your name here