(၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိင်ငံတော်အဆင့် တာဝန်ရှိသူများ တက်ရောက် ဂါရဝပြု

0
265

(၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ ဇူလိုင်လ (၁၉) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် နိုင်ငံတော်အဆင့် ကျင်းပခဲ့ပြီး နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ် ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် ၊ ဒေါက်တာမူထန်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးဝန်ကြီး ဦးကိုကို၊ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အပါအဝင် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ တက်ရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

ယနေ့ အာဇာနည်နေ့အခမ်းအနား တက်ရောက်လာသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များမှ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြုနေသည့် မြင်ကွင်းကို စုစည်းဖော်ပြပေးလိုက်ပါသည်။

photo credit – ၇၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှတ်တမ်း ဓါတ်ပုံများ


LEAVE A REPLY

Please enter your comment!
Please enter your name here