ပီတကို လွှတ်တော်အမတ်အဖြစ်မှ ထိုင်းတရားရုံးက ခေတ္တ ရပ်ဆိုင်း

0
213

ဘန်ကောက်၊ ဇူလိုင် ၁၉

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသည် ပီတ လင်ဂျာရန်ရွတ်အား မေ ၁၄ ရက် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီဟူ၍ စွပ်စွဲထားသော အမှုကို လက်ခံလိုက်ပြီးနောက် ဇူလိုင်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ၎င်းအား လွှတ်တော်အမတ်အဖြစ်မှ ခေတ္တခဏ ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ဝန်ကြီးချုပ်လောင်း ပီတကို သတင်းမီဒီယာ ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ပိုင်ဆိုင်ခြင်းဖြင့် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲကာ တိုင်ကြားထားခြင်းဖြစ်သည်။

ပီတသည် ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်၌ ဝန်ကြီးချုပ်ဖြစ်ရေးအတွက် မဲခွဲဆုံးဖြတ်ရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရမည့်အချိန်တွင် ယခုကဲ့သို့ ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်သည်။

ပီတကမူ ထိုသို့ ရှယ်ယာပိုင်ဆိုင်မှုက ရွေးကောက်ပွဲ စည်းမျဉ်းများကို မချိုးဖောက်ကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါ အမှုနှင့် ပတ်သက်၍ တုံ့ပြန်ရန် ပီတာအား ၁၅ ရက်ညအချိန်ပေးထားကြောင်း ခုံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပီတသည် ပြီးခဲ့သည့်အပတ်က လွှတ်တော်၌ မဲပေးပွဲတွင် လိုအပ်မဲ (၅၀) ကျော်ဖြင့် ဝန်ကြီးချုပ်ရာထူးနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here