ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်သော အမေရိကန် စစ်သားတစ်ဦးကို မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်း

0
140

ဇူလိုင်လ ၁၈ ရက် အင်္ဂါနေ့တွင် မြောက်ကိုရီးယားသို့ ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်ဝင်ရောက်သွားခဲ့သော အမေရိကန် စစ်သားတစ်ဦးကို မြောက်ကိုရီးယား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားလာခဲ့သည်။

တပ်သား ထရားဗစ် တီ ကင်း ဆိုသူ စစ်သားသည် ကိုရီးယားနှစ်နိုင်ငံကြား ပူးတွဲလုံခြုံရေးယူထားသော နယ်မြေ သို့မဟုတ် ပန်မွန်ဂျွန် ရွာသို့ လေ့လာရေး ခရီးသွားစဉ် မြောက်ကိုရီးယားသို့ ဖြတ်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ကင်းသည် မကြာသေးမီကမှ တောင်ကိုရီးယား အကျဉ်းထောင်တစ်ခုတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ရက် ၅၀ ကြာ ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ အမေရိကန် စစ်အရာရှိများက သူ့အား အမေရိကသို့ ပြန်ပို့ရန်အတွက် လေဆိပ်သို့ ခေါ်ယူစဉ် ရောက်မလာဘဲ အထက်ပါ လေ့လာရေးခရီးစဉ်သို့ သွားရောက်ခဲ့ကြောင်းသိရသည်။ ထို့နောက် နှစ်နိုင်ငံနယ်စပ်ကြား ရောက်ရှိနေစဉ် ခွင့်ပြုမရှိဘဲ မြောက်ကိုရီးယားဘက်ခြမ်းသို့ ဖြတ်ပြေးသွားခဲ့သည်။

ဧည့်လမ်းညွှန်များက သူ့နောက်လိုက်ကာ ပြေးဖမ်းခဲ့သော်လည်း မြောက်ကိုရီးယားစစ်သားများက ဖမ်းဆီးထိန်းသိမ်းသွားသည်ကို မြင်ခဲ့ရသည်။ ကင်းသည် အမေရိကန်နိုင်ငံသားအဖြစ်မှ စွန့်ခွာ၍ ဘက်ပြောင်းသွားခြင်း ဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့များဆိုင်ရာ ပြည်သူ့ ဆက်ဆံရေး အရာရှိ ဗိုလ်မှူးကြီး အိုင်းဆက်စ် တေလာက ယခုကိစ္စရပ်ကို ဖြေရှင်းရန် မြောက်ကိုရီးယားစစ်တပ်ရှိ အရာရှိများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြောကြားထားသည်။

Source:NY Times


LEAVE A REPLY

Please enter your comment!
Please enter your name here