(၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီအချို့ တက်ရောက်ဂါရဝပြု

0
189

ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မှတ်ပုံတင် ခွင့်ပြုချက်ရပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် ဂါရဝပြုခဲ့ကြသည်ကို တွေ့ရသည်။

ယင်းသို့ တက်ရောက်ဂါရဝပြုသည့်အထဲတွင် အစောဆုံး မှတ်ပုံတင်ခွင့်ပြုချက်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတက်ရောက်ဂါရဝပြုခဲ့သည်ကိုတွေ့ရပြီး တိုင်းရင်းသား ပါတီအချို့နှင့် မှတ်ပုံတင်ခွင့်ပြုချက်ရပြီး ပါတီအချို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်လာသည်။

ယင်းကဲ့သို့ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ တက်ရောက် ဂါရဝပြုခဲ့သည့် မြင်ကွင်းများကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်သည်။

photo credit – ၇၆နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှတ်တမ်း ဓါတ်ပုံများ


LEAVE A REPLY

Please enter your comment!
Please enter your name here