ချောင်းဆုံမြို့တွင် မြေပြိုကျမှုဖြစ်ခဲ့သည့်နေရာအနီးမှ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

0
100

ယနေ့ ဇူလိုင်လ (၁၉) ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ၊ ရပ်ကွက်(၈)ရှိ နေအိမ်တစ်လုံးအနီးတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေပြိုကျမှု ဖြစ်ပွားသည့် နေရာသို့ လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးပြီးနောက် ထပ်မံ၍ မြေပြိုကျပါက အန္တရာယ်ရှိနိုင်သဖြင့် ယင်းနေရာအနီးရှိ အိမ်ထောင်စု(၇)စုမှ မိသားစုဝင်(၂၈)ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

မြေပြိုကျမှုဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူမရှိခဲ့ဘဲ ပြိုကျနေသည့်မြေများအား လုံခြုံရေးအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက ကူညီရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here