တနင်္သာရီတိုင်းအတွင်း၌ ပုဇွန်ကန် (၅၀၀)အထိ တိုးချဲ့မွေးမြူသွားမည်

0
125

ပုဇွန်မွေးမြူရေးသည် နိုင်ငံခြားဝင်ငွေ ရရှိသည်အထိ အဆင်ပြေကာ အကျိုးအမြတ်ရရှိမှု များပြားလာသည့်အတွက် ပုဇွန်ကန်များကို တိုးချဲ့မွေးမြူသွားမည်ဟု တနင်္သာရီ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။

ဇူလိုင်လ (၁၈) ရက်နံနက် (၁၀) နာရီက ထားဝယ်မြို့၌ ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (၅/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ပုဇွန်မွေးမြူရေးသင်တန်းများကို ကျောင်းများတွင် ဖွင့်လှစ်သင်ကြားနိုင်ရန်နှင့် ကျယ်ပြန့်စွာသိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဇွန်မွေးမြူရေးမှာ နိုင်ငံခြားဝင်ငွေရရှိသည်အထိ အဆင်ပြေလာရာအကျိုးအမြတ် ရရှိမှုများပြားလာ၍ မွေးမြူရေးမှတဆင့် ကျွမ်းကျင်မှုဖြစ်လာပြီး တိုင်းဒေသကြီးအတွင်း ပုဇွန်ကန်များအား အနည်းဆုံးကန် (၅၀၀)အထိ တိုးချဲ့မွေးမြူသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပုဇွန်တိုးချဲ့မွေးမြူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့  (၅/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးကလည်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here