ယခုဘဏ္ဍာနှစ်တွင် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ထီးခီး၊ မြဝတီ၊မူဆယ် တို့မှာ အစဥ်လိုက်ကုန်သွယ်မှု အများဆုံးလုပ်နိုင်ခဲ့

0
117

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၃)လတာကာလအတွင်း ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများအပါအဝင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍအနက် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအများဆုံးလုပ်ဆောင်ထားကြောင်း သိရသည်။

ဧပြီလအစမှ ဇူလိုင်လ (၇) ရက်အထိ (၃) လကျော်ကာလအတွင်း မြန်မာ – ထိုင်းနယ်စပ်၊ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလျံကျော်အထိရှိခဲ့ပြီး မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကုန်သွယ်မှုပမာဏအများဆုံးလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကဏ္ဍအလိုက် ကုန်သွယ်မှု ပမာဏအနေဖြင့် သုံးလ‌ကျော်အတွင်း ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ ဘီလျံကျော်နှင့်သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နယ်စပ် ကုန်သွယ်မှု ကဏ္ဍတွင် တရုတ် – မြန်မာ နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၇၀၀ ဒသမ ၀၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒုတိယအများဆုံးဖြစ်ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၀၁ ဒသမ ၉၆၈ သန်းဖြင့် တတိယအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှာမူ ကုန်သွယ်မှု လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Photo-Ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here