မဟာအောင်မြေမြို့နယ်တွင် လူနေအိမ်များမီးလောင်မှုဖြစ်ပွား

0
101

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဇူလိုင် ၂၀ ရက် (ယနေ့)နံနက် ၉ နာရီခွဲခန့်က လူနေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဘယ်အိမ်ကစလောင်တယ် ဘာ့ကြောင့်လောင်တယ်ဆိုတာရယ် ပျက်စီးဆုံးရှုံးမှုတန်ဖိုးရယ်ကို မီးသတ်တပ်ဖွဲ့ကစစ်ဆေးနေတယ် မီးအားများတယ် နာရီဝက်ကျော်လောက်ဝိုင်းငြှိမ်းခဲ့ရတယ် ပျက်စီးမှုလည်းများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လူနေအိမ်များမီးလောင်မှုအား မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅၄ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here