မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေးမြို့နယ်ရှိ တံတား ၁ စင်းပြိုကျခဲ့

0
166

မွန်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ရေးမြို့ နယ်၊ကျောက်မိချောင်းကျေးရွာအနီးရှိ တံတား ၁ စင်း၏ ဘေးဘက်ခြမ်းပြိုကျသွားခဲ့မှု ဇူလိုင် ၁၉ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်း တံတားသည် ကျောက်မိချောင်းကျေးရွာအနီးရှိ ရေး-ကျောင်းရွာသွားလမ်းပိုင်းတွင်တည်ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားဘေးဘက်မြေသားများပဲ့ကျကာ တံတား၏ဘေးဘက်ခြမ်းပြိုကျသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တံတားပေါ်မှဖြတ်သန်းသွားလာသူများအဆင်ပြေစေရန် ဒေသခံဆရာတော်တစ်ပါးမှဦးဆောင်၍ ကျောက်မိချောင်းကျေးရွာနေသူများက ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo-Ko Kyaw Win


LEAVE A REPLY

Please enter your comment!
Please enter your name here