Thai Airways မှ ဘန်ကောက် – ရန်ကုန် လေကြောင်းခရီးစဉ် ချိတ်ဆက်ပျံသန်းမည်

0
128

ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(Thai Airways International)သည် ဇူလိုင်လ (၁၆) ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လေကြောင်းချိတ်ဆက်ပျံသန်းမှုများ စတင်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးပြောကြားထားသည်။

ယင်း လေကြောင်းလိုင်းသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းခရီး သွားလာရေးတွင် ခရီးသည်ဝန်ဆောင်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး Airbus A320 လေယာဉ်များဖြင့် ဘန်ကောက် – ရန်ကုန် လေကြောင်းခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် ဘန်ကောက် လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် (၁၄) ကြိမ်ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပြီး ဘန်ကောက် – ရန်ကုန် – ဘန်ကောက် ခရီးစဉ်ကို မနက်ပိုင်းတွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၅ မိနစ်တွင် စတင်ထွက်ခွာကာ ရန်ကုန်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မှ ၁၁ နာရီ ၂၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ဘန်ကောက်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂ ၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

ဘန်ကောက်နှင့် ရန်ကုန်ကြား အသွားအပြန် လေကြောင်းခရီးစဉ်ပြေးဆွဲမှုများကို ညနေ ၅ နာရီမှ ည ၉ နာရီအထိ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လေကြောင်းလိုင်း (၄) လိုင်း အသွား အပြန် ပြေးဆွဲနေပြီး ခရီးသည် (၁၀၀၀) ခန့် အဝင်အထွက်ရှိနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here