အယ်လ်ဂျီးရီးယား၏ဆာဟာရဒေသ၌ ဘက်စ်ကားမီးလောင်ပေါက်ကွဲမှုကြောင့် လူ ၃၄ ဦးသေဆုံး

0
83

အယ်လ်ဂျီးယားစ်၊ဇူလိုင် ၂၀

အယ်လ်ဂျီးရီးယားနိုင်ငံတောင်ပိုင်း ဆာဟာရဒေသတွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၉ ရက်နေ့) က လောင်စာဆီများတင်ဆောင်လာသော ထရပ်ကားတစ်စီးနှင့် ခရီးသည်တင်ဘက်စ်ကားတစ်စီးတို့ခေါင်းချင်းဆိုင်တိုက်မိရာမှ လူ ၃၄ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် နှစ်များစွာအတွင်း လူအသေအပျောက်အများဆုံးယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၂ ယောက်ခန့်ရှိသဖြင့် ဆေးရုံပို့ထားရကြောင်းသိရသည်။

ဖြစ်စဉ်အား မျက်မြင်တွေ့သူများ၏ပြောကြားချက်အရ ဘက်စ်ကားသည် ခရီးသည်ချပြီးပြန်ထွက်ရန်ပြင်နေစဉ် ဆီတင်ထားသောထရပ်ကားတစ်စီးကလာဝင်တိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

တာဝန်ရှိသူများ၏စုံစမ်းစစ်ဆေးမှုအရ လမ်းမှားဝင်လာသူမှာ ဆီများတင်လာသည့်ထရပ်ကားဖြစ်ပြီး ယာဉ်တိုက်မိရာမှ ၎င်းယာဉ်ပေါ်ပါသည့်ပေါက်ကွဲလွယ်ဆီသောများကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

အယ်လ်ဂျီးရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင်မတော်တဆမှု ၂၃,၀၀၀ နီးပါးဖြစ်ပေါ်ခဲ့ပြီး လူ ၃,၄၀၉ ဦး သေဆုံးကာ ၃၀,၀၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်းသိရပြီး အများစုမှာ အရှိန်များများဖြင့်မောင်းနှင်မှုများကြောင့်ဖြစ်သည်ဟုလည်းဆိုသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here