မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ရရှိမည့် CO Form RCEP ကို ဩဂုတ်လ ၁ရက်မှစ၍ လျှောက်ထားနိုင်

0
175

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘာတူစာချုပ်အရ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံမှအပ ကျန်အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့လည်းကောင်း၊ အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများထဲတွင် တရုတတ်နိုင်ငံသို့လည်းကောင်း တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်အခွန် သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်‌ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ စတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထို့အတူ ယင်း၏ ဆက်စပ်လုပ်ငန်းများဖြစ်သည့် စက်မှုထုတ်ကုန်များအတွက် စက်မှုထုတ်ကုန် မှတ်ပုံတင်လက်မှတ် (Certificate of Product Registration) နှင့် အတည်ပြု ပို့ကုန်တင်ပို့သူ (Approved) Exporter) မှတ်ပုံတင်လက်မှတ်တို့ကိုလည်း Online CO Application System

(http://onlineco.myanmartradenet.com)

၌ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာထားသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်အတွက် ဆွေးနွေးညှိနှိင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲဝင် (၁၀) နိုင်ငံနှင့် ဆွေးနွေးဖက် (၆)နိုင်ငံဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် စသည့် (၁၆) နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံမှအပ ကျန် (၁၅) နိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစ‌တြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စတင်သက်ဝင်နေပြီဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် CO ထုတ်ပေးသည့်အာဏာပိုင်အနေဖြင့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှုစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့သောကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်ရှိသည့် Form RCEP ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်းကို သက်ဆိုင်ရာဝန်ကြီးဌာန ၊ အဖွဲ့အစည်းများသို့ အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒေသတွင်းဘက်စုံပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ မြန်မာနိုင်ငံသည် စာချုပ်ဝင်နိုင်ငံများအလိုက် ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် အသီးသီးအသက်ဝင်နေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးအကြောင်းကြားလာသည့်အတွက် ဩဂုတ်လ ၁ ရက်မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here