ကန်တော်ကြီးပန်းကန်လုံးကျွန်းတွင် ရေထဲမှ အသက် ၄၅ အရွယ် အမျိုးသားရုပ်အလောင်းတွေ့ရှိ

0
176

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးရှိ ပန်းကန်လုံးကျွန်းတွင် ရေထဲမှ အသက် ၄၅ အရွယ် အမျိုးသားရုပ်အလောင်း ယနေ့ ဇူလိုင် ၂၀ ရက် နံနက်ကတွေ့ရှိခဲ့ကြောင်း သိရသည်။

ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်း၊ ရှင်ဥပ္ပဂုတ ကျောင်းဆောင်တံတားအောက်တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မှောက်လျက်အနေအထားဖြင့် အသက် (၄၅) ခန့်အမျိုးသားအလောင်းအားတွေ့ရှိကြောင်း ပန်းခြံလမ်းလျောက်သူများနှင့် ပန်းဥယျာဉ်မှလုပ်သားဝန်ထမ်းများသတင်းပို့မှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ် လူမှု့ကူညီကယ်ဆယ်ရေးကွန်ယက်မှ အသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

” မိသားစုနဲ့ အဆက်အသွယ်ရပါပြီ၊ သူက အသက် ၇၀ အရွယ်ရှိသူအဒေါ်နဲ့နေတယ်၊ အဲ့မှာ အရက်သွားသောက်တာ ၂ ရက်လောက်ရှိပြီလို့ပြောတယ်၊ မနေ့ကဖြစ်တယ်လို့ ယူဆရပါတယ်” ဟု ဒီဃာယုကလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ်လူမှု့ကူညီကယ်ဆယ်ရေးကွန်ယက် (MTNT) အဖွဲ့များဖြစ်သည့် ဒီဃာယုက အသင်း၊ သပြေကုန်းအသင်း၊ကျီတော်အသင်းတို့မှ လိုအပ်သည်များဆောင်ရွက်ပြီးအဖြူရောင်ကမ်းလက် ဗိုလ်တစ်ထောင် မှ DB တင်ယာဉ်နှင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဒီဃာယုကလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here