ယူကရိန်းသို့ သွားလာနေသည့် သင်္ဘောများကို စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ကြောင်း ရုရှား သတိပေး

0
175

ယူကရိန်းနိုင်ငံသို့ သွားလာနေသည့် သင်္ဘောများအားလုံးသည် စစ်ဘက်ဆိုင်ရာ ကုန်တင်ကုန်ချများ သယ်ဆောင်နိုင်သည်ဟု ယူဆရသဖြင့် ယင်းတို့ကို စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်နေကြသည်ဟုသတ်မှတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ယူကရိန်းဆိပ်ကမ်းများမှ စားနပ်ရိက္ခာတင်ပို့မှုကို ခွင့်ပြုထားသည့် သဘောတူညီချက်ကို ရုရှားက ဖျက်သိမ်းလိုက်ပြီးနောက် ယူကရိန်းနိုင်ငံ၏ ပင်လယ်နက်ဆိပ်ကမ်းများသို့ ခရီးသွားလာသည့် သင်္ဘောများကို အလားအလာရှိသော စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ရုရှားက သတိပေးလိုက်ခြင်းဖြစ်သည်။

ဇူလိုင် ၂၀ ရက်နေ့တွင် စတင်၍ အဆိုပါ သတ်မှတ် ရပ်တည်ချက်အသစ်ကိုအကောင်အထည်ဖော်လိမ့်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

ယူကရိန်းနိုင်ငံသို့ သွားလာနေသည့် သင်္ဘောများအား မည်ကဲ့သို့ အရေးယူမည်ကိုမူ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားခြင်းမရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here