လေပြင်းတိုက်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ်ရှိ သီလရှင်စာသင်တိုက် တစ်တိုက်မှ အဆောက်အဦများ ပြိုကျပျက်စီးမှုဖြစ်ပွား

0
116

ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက လေပြင်းများတိုက်ခတ်မှုကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာရှိ ချမ်းမြေ့သာစည်သီလရှင်စာသင်တိုက်ရှိ ဆွမ်းစားဆောင်နှင့် အိပ်ဆောင်များ အမိုးလန်ပြီး အဆောက်အဦပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ချမ်းမြေ့သာစည်သီလရှင်စာသင်တိုက်ရှိ ဆွမ်းစားကျောင်းဆောင်နှင့် အိပ်ဆောင် အမိုးများလန်ပြီး အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့မှုကို ယနေ့ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here