ကမာရွတ်ဘူတာတွင် ရထားတိုက်ခံရ၍ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

0
159

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ ကမာရွတ်ဘူတာတွင် ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ရထားတိုက်ခံရသဖြင့် အသက်(၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး ခြေထောက်နှင့် လက်တွင် ထိခိုက်ဒဏ်ရာများရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

” သေဆုံးသွားတဲ့ အမျိုးသားရဲ့ အသက်က (၆၅)နှစ် ဝန်းကျင်လောက်တော့ရှိပြီ။ ဘယ်လိုကြောင့် တိုက်မိတယ်ဆိုတာကို ကျွန်တော်တို့ကလည်း သေချာမသိပါဘူး။ ဖြစ်စဥ်ဖြစ်ပြီး သတင်းရတော့မှ သွားသယ်ရတာရယ်၊ အခင်း ဖြစ်နေရာမှာပဲ သေဆုံးသွားတာ ဖြစ်တဲ့အတွက် ရုပ်အလောင်းကို သယ်ဖို့ လုပ်နေရတော့ သေချာမမေးဖြစ်လိုက်ဘူး။ အင်းစိန်ဆေးရုံကို သွားပို့ပေးတဲ့အချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးပါဘူး” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းကလည်း ကန်တော်ကြီးပန်းကန်လုံးကျွန်းရှိ ရှင်ဥပ္ပဂုတ ကျောင်းဆောင်တံတားအောက်တွင်လည်း မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည့် အသက်(၄၅)နှစ်အရွယ် အမျိုးသား ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား မင်္ဂလာတောင်ညွန့်မြို့နယ် လူမှု့ကူညီကယ်ဆယ်ရေးကွန်ရက် (MTNT) အဖွဲ့များဖြစ်သည့် ဒီဃာယုက အသင်း၊ သပြေကုန်းအသင်း၊ ကျီတော်အသင်းတို့မှ လိုအပ်သည်များဆောင်ရွက်ပြီး ရုပ်အလောင်းအား အဖြူရောင်ကမ်းလက် (ဗိုလ်တစ်ထောင်) မှ နိဗ္ဗာန်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here