အိမ်စီးကားပေါ်မှ ကျပ်သိန်း (၂၉၅၀) ခန့်တန်ဖိုးရှိ စိတ် ကြွဆေးပြား ၅ ဒသမ ၉ သိန်း ဖမ်းဆီးရမိ

0
121

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ အမှတ် (၂) ရပ်ကွက်တွင် ဇူလိုင်လ (၁၇) ရက်၊ ညပိုင်းက အိမ်စီးကားတစ်စီးပေါ်မှ ကျပ်သိန်း (၂၉၅၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ ဒသမ ၉ သိန်းပြားအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ ည ၉ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် စိုင်းလီ(ခ)ဆိုင်းလီ မောင်းနှင်ကာ ဂန်ဖန်(ခ)မာဘရန် လိုက်ပါလာသည့် TOYOTA WISH ကားအား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှာဖွေစစ်ဆေးစဉ် ယာဉ်ပေါ်မှ ငွေကျပ် (၂၉၅၀)သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ ဒသမ ၉ သိန်းပြားအား ဖမ်းဆီးရမိခဲ့ပြီး ည (၁၀) နာရီတွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သည့် မဆိုင်းခေါန်နှင့် မမာခေါန်တို့အား လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here