အိန္ဒိယ၌ မိုးကြီးမြေပြိုမှုကြောင့် ဆယ်ဦးသေဆုံးကာ လူတစ်ရာကျော်ပိတ်မိနေဟု‌‌ဆို

0
153

အစ်ရှာဝဒီ၊ဇူလိုင် ၂၀

အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းဒေသများတွင် မြေပြိုမှုများကြောင့် လူဆယ်ဦးထက်မနည်း သေဆုံးကာ ရာချီ၍ ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးလုပ်သားများသည် ခဲရာခဲဆစ်လုပ်ဆောင်နေရကြောင်းသိရသည်။

ပြင်းထန်သောအပူလှိုင်းများ၊တောမီးများ၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် မကြာသေးမီရက်များအတွင်း ကမ္ဘာတစ်ဝန်း၌ အပျက်အစီးများဖြစ်ပေါ်စေခဲ့ပြီး ရာသီဥတုဖောက်ပြန်မှုနှင့်ပတ်သက်၍လည်း စိုးရိမ်မှုအသစ်များမြင့်တက်လာခဲ့သည်။

ယခုမြေပြိုမှုကြောင့် လူဆယ်ဦးသေဆုံးပြီး လက်ရှိအချိန်ထိ ၈၀ ကျော်အားကယ်တင်ထားနိုင်ကြောင်းသိရသည်။သို့သော် အစ်ရှာဝဒီသည် ဝေးလံခေါင်သီသည့် ဟိမဝန္တာရှိဒေသတစ်ခုဖြစ်ကာ လူဦးရေ ၂၂၅ ဦးခန့်သာရှိပြီး ၎င်းတို့အနက် ၁၀၀ ကျော်ကမြေပြိုမှုအတွင်းဖြစ်‌ပေါ်လာသည့်အပျက်အစီးများအကြားပိတ်မိနေသည်ဟုလည်းသိရသည်။

“တချို့နေရာတွေမှာ အပျက်အစီးတွေက ၃ မီတာကနေ ၈ ဒသမ ၈ မီတာအထိနက်ပါတယ်” ဟု အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ မုတ်သုံရာသီစတင်သည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးခြင်း၊မြေပြိုခြင်းနှင့်မတော်တဆမှုများကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး အထူးသဖြင့် နိုင်ငံ၏မြောက်ပိုင်းတွင် ပုံမှန်ထက် ၄၁ ရာခိုင်နှုန်းပိုမိုရွာသွန်းခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here