မိုခါမုန်တိုင်းကြောင့် ပိတ်ထားရသည့် ရခိုင်ပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း (၇၀) ကျော် ပြန်လည်ဖွင့်လှစ်

0
142

မိုခါမုန်တိုင်းကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း (၇၀) ကျော်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ခဲ့ကာ လက်ရှိတွင် အရေအတွက် (၇၀) ကျော် ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်းအရေအတွက် (၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက်မှ (၇၀) ကျော်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ (၃၀) ကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ယာယီပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုးတွင်းကာလဖြစ်သော်လည်း ဟိုတယ်နှင့် တည်းခိုရိပ်သာများကို ပြန်ဖွင့်ပေးခြင်းသည် ခရီးသွားပြည်သူများအပြင် ရခိုင်ဒေသသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများပါ တည်းခိုနိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here