ကုမ္ပဏီ ၂ ခုမှတင်သွင်းသည့် EV ကား အစီး ၄၀ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

0
121

လျှပ်စစ်သုံးမော်တော်ယာဥ်များတင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၂ ခုမှတင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဥ်(EV)ကားအစီး ၄၀ ဇူလိုင် ၂၀ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်းလာသည့် MG, MG4(Mulan)အမျိုးအစား EV ကား(၁၀) စီးနှင့် Earth Renewable Energy Co., Ltd. မှတင်သွင်းလာသည့် BYD Dolphin အမျိုးအစား EV ကား(၃၀)စီး (စုစုပေါင်း ၄၀ စီး)ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ရောက်ရှိလာသည့် EV ကားများအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here