ပင်လယ်နက်ဂျုံတင်ပို့မှုရပ်ဆိုင်းသွားခြင်းကြောင့် ပြည်တွင်းထုတ်လုပ်ရေးကိုအလေးပေးဆောင်ရွက်မည်ဟုတရုတ်ပြော

0
170

ပေကျင်း၊ဇူလိုင် ၂၀

ရုရှားနှင့်ယူကရိန်းအကြားသဘောတူထားသည့် ပင်လယ်နက်ဂျုံတင်ပို့မှုသဘောတူညီချက် ပျက်ပြားသွားပြီနောက် တရုတ်နိုင်ငံက နိုင်ငံ၏ တောင်သူလယ်သမားများအား ယခုထက်ပိုမိုထုတ်လုပ်နိုင်ရန်ကြိုးပမ်းကာ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရန်တောင်းဆိုထား‌ကြောင်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏စိုက်ပျိုးနိုင်သော မြေ ဟက်တာ သန်း ၁၂၀ ကိုသာ အဓိကစိုက်ပျိုးရာနေရာအဖြစ်ပြုလုပ်အသုံးပြုသွားမည်ဖြစ်သည်ဟု‌ပြောကြားခဲ့သည်။

ရုရှားသည် ၎င်း၏အဓိကတင်ပို့ကုန်ဖြစ်သည့် ဓာတ်မြေဩဇာနှင့်စားနပ်ရိက္ခာတင်ပို့မှုများအတွက် စည်းမျဉ်းများဖြေလျှော့ရေးညှိနှိုင်းရာ၌ အဆင်မပြေသဖြင့် ပင်လယ်နက်ဆိပ်ကမ်းများမှတစ်ဆင့် ယူကရိန်းဂျုံတင်ပို့ရေးသဘောတူညီချက်အားရပ်ဆိုင်းခဲ့သည်။

အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ပြီး ရက်ပိုင်းအတွင်း ရုရှားသည် ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ Chornomorsk ဆိပ်ကမ်းအားတိုက်ခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံသို့တင်ပို့မည့် ဂျုံတန်ချိန် ၆၀,၀၀၀ နှင့် ပို့ကုန်အခြေခံအဆောက်အဦများပျက်စီးခဲ့ကြောင်းလည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here