ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကိုင်အဖွဲများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၅) ဦး ဒဏ်ရာရ

0
140

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ KKO(ခွဲထွက်)နှင့် ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဇူလိုင်လ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပစ်ခတ်မှုကြောင့် အရပ်သား (၅) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်၊ ပဒုမ္မာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ မြို့တော်ဦးရပ်ကွက်နှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တို့တွင် ကျရောက် ပေါက်ကွဲခဲ့သဖြင့် အရပ်သား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃) ဦးတို့တွင် လက်နက်ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူများအား ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကာ ဗုံးသီးများကျရောက်ခဲ့သည့် ရပ်ကွက်များအတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေး စစ်ဆေးခဲ့ကြကြောင်းနှင့် လုံခြုံရေးအဖွဲ့ဝင်များမှ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here