ယူကရိန်းဂျုံများ တားမြစ်ပိတ်ပင်မှု ဥရောပ ၅ နိုင်ငံ သက်တမ်းထပ်တိုး

0
175

ဥရောပသမဂ္ဂ ၅ နိုင်ငံသည် ၎င်းတို့၏လယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန် ယူကရိန်းနိုင်ငံမှ ဂျုံတင်သွင်းမှုအား ဆက်လက်တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏စိုက်ပျိုးရေးဝန်ကြီးများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ပိုလန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့မှ ဝန်ကြီးများက မိမိတို့ နိုင်ငံများသို့ ယူကရိန်းနိုင်ငံမှ ဂျုံတင်သွင်းမှုကို ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ဆက်လက်ပိတ်ပင်သွားကြမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဘရပ်ဆဲလ်မြို့၌ လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် EU ဆွေးနွေးပွဲမတိုင်မီ အဆိုပါ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ယူကရိန်း၏ ဂျုံများကို ၎င်းတို့နိုင်ငံများ၏ နယ်နိမိတ်အတွင်း ကုန်းလမ်း၊ ရထားလမ်းနှင့် မြစ်များမှတဆင့် လိုအပ်သည့်နေရာများသို့ သယ်ယူရွေ့ပြောင်းခွင့်ပြုကိုမူ ဆက်လက်ထောက်ခံကြောင်း ကြေငြာချက်တွင် ဆိုထားသည်။

“ဒီညွန့်ပေါင်းအဖွဲ့ဟာ ယူကရိန်း ဒါမှမဟုတ် EU ကို ဆန့်ကျင်တာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားအတွက်ပါ” ဟု ပိုလန်စိုက်ပျိုးရေးဝန်ကြီး Robert Telus က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here