စင်္ကာပူနှင့် ကမ္ဘောဒီးယားတို့ SME လုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် ပူး​ပေါင်း

0
150

စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) နှင့် ကမ္ဘောဒီးယားအမျိုးသားဘဏ် (NBC) တို့သည် Financial Transparency Corridor (FTC) ပဏာမခြေလှမ်းအတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

စင်္ကာပူနှင့် ကမ္ဘောဒီးယားရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များအကြား ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ဆက်စပ်ဘဏ္ဍာရေးဝန်ဆောင်မှုများ လွယ်ကူချောမွေ့စေရန်အတွက် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို ပံ့ပိုးရန် ရည်ရွယ်ထားသည်။

နှစ်နိုင်ငံ SMEs များကယုံကြည်စိတ်ချရသော အချက်အလက်များကို ရယူရန်အတွက် FTC ကို အသုံးပြုနိုင်သည်။

ထိုမှတဆင့် SME များကို အာဆီယံနှင့် အခြားတိုးတက်မှုဒေသများအတွင်း ကုန်သွယ်မှုပိုမိုချိတ်ဆက်နိုင်မည်ဖြစ်သည်။

FTC က ပံ့ပိုးပေးသည့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ရည်ရွယ်ချက်မှာ-

SMEs များ၏ နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးရန်အတွက် စင်ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ငွေကြေးအဖွဲ့အစည်းများကြား သတင်းအချက်အလက်ဖလှယ်ရာတွင် လွယ်ကူချောမွေ့စေရန်
နှင့်
ကုန်သွယ်မှုငွေကြေးထောက်ပံ့မှုအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ချေးငွေအကဲဖြတ်ချက်များနှင့် SME ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းများကို လိုက်နာခြင်းဖြင့် စွန့်စားရမှုများနှင့် အလားအလာရှိသော ကုန်သွယ်မှုအငြင်းပွားမှုများကို လျော့ပါးသက်သာစေရန်
တို့ဖြစ်သည်။

Source: KhmerTimes


LEAVE A REPLY

Please enter your comment!
Please enter your name here