မြန်မာ အပါသုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အကောင်အထည်ဖော်​နေမှုဆွေးနွေး

0
153

အိန္ဒိယ – မြန်မာ – ထိုင်း (၃) နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အကောင်အထည်ဖော်နေမှုနှင့် ပတ်သက်၍ ဇူလိုင်လ (၂၀) ရက်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမားတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လှူဒါန်းခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ အကူအညီပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေး၊ ဆန်၊ ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် အလားအလာများရှာဖွေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here