ဖြူထိုင်းပါတီသည် Move Forward နှင့်လက်တွဲဖြုတ်၍ ညွန့်ပေါင်းအသစ် ဖွဲ့နိုင်

0
161

မေလ ရွေးကောက်ပွဲ၌ ဒုတိယနေရာရခဲ့သော ဖြူထိုင်း ပါတီသည် ၎င်း၏ ညွန့်ပေါင်းမိတ်ဖက်ဖြစ်သော ပီတ၏ ပါတီ Move Forward နှင့် လက်တွဲဖြုတ်ကာ စစ်တပ်ကိုထောက်ခံသော ပါတီများနှင့် မဟာမိတ်အသစ် ဖွဲ့သွားနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရန်ရွတ်၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းမှုသည် စစ်တပ်နှင့် တော်ဝင်ထောက်ခံသော ဌာနကြောင့် ရုပ်သိမ်းခဲ့ရပြီးနောက် အဆိုပါ ထင်မြင်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဖြူထိုင်းနှင့် Move Forward တို့ပါဝင်သည့် မူလ ရှစ်ပါတီ ညွန့်ပေါင်းအဖွဲ့သည် လက်ရှိအချိန်တွင် လူသိရှင်ကြား ပြိုကွဲလာပြီဟု ဆစ်ဒ်နီ တက္ကသိုလ်မှ နှိုင်းယှဉ် နိုင်ငံရေးဆိုင်ရာ ဝါရင့် ကထိက မစ္စ အိမ်း ဆင်ပန်က ပြောခဲ့သည်။ မစ္စ အိမ်း ဆင်ပန်သည် ညွန့်ပေါင်းရှိ အဖွဲ့ဝင်များက Move Forward ပါတီ၏ လူငယ်များအပေါ် အားထားလွန်းသည်ကို ရှုတ်ချသော ပို့စ်များ ဆိုရှယ်မီဒီယာ၌ တင်လာသည်ကို ညွှန်ပြ၍ ယခုကဲ့သို့ ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များသည် Move Forward ပါတီ ပါဝင်သည့် ညွှန်ပေါင်းအဖွဲ့၏ မည်သည့် ကိုယ်စားလှယ်လောင်းကိုမျှ ဝန်ကြီးချုပ်နေရာအတွက် မဲပေးမည် မဟုတ်ဟု ပြတ်သားစွာ ပြောဆိုထားသည်။ ယင်းကို ကြည့်ခြင်းဖြင့် ဖြူထိုင်းသည် အစိုးရကို ဦးဆောင်လိုပါက Move Forward ပါတီနှင့် လမ်းခွဲရမည်ကို သဘောပေါက်လာနိုင်ကြောင်း မစ္စ အိမ်း ဆင်ပန်က ပြောသည်။

ဖြူထိုင်းသည် ဇူလိုင်လ ၂၇ ရက်တွင် လွှတ်တော်၌ နောက်တစ်ကြိမ် ကျင်းပမည့် မဲပွဲတွင် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဆရက်တာ သာဗန်ဆင်ကို ၎င်း၏ ဝန်ကြီးချုပ်လောင်းအဖြစ် အရွေးခံစေမည်ဟု မျှော်လင့်ရသည်။

“ဖြူထိုင်းသာ အရမ်းကို ဒီမိုကရေစီ ဆန်ချင်ရင်တော့ Move Forward နဲ့ပဲ လက်တွဲထားတာက အကောင်းဆုံး ရွေးချယ်မှုပါ။ ဒါပေမယ့် အစိုးရဖွဲ့ချင်တယ်ဆိုရင်တော့ တခြားပါတီတွေနဲ့ လက်တွဲလိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်” ဟု ထိုင်းနိုင်ငံ နာရယ့်ဆွမ် တက္ကသိုလ်ရှိ အာဆီယံ အုပ်စု လေ့လာရေးစင်တာမှ ဒေါက်တာ ပေါလ် ချိန်ဗာက ဆိုသည်။

Move Forward ပါတီကို နန်းတော်ကရော လွှတ်တော်ကပါ ငြင်းပယ်ထားပြီ ဖြစ်သောကြောင့် ဖြူထိုင်းသည် အရင်အစိုးရလက်ထက်၌ ပါဝင်ခဲ့သည့် ပါတီများနှင့် လက်တွဲ လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း သူက ဇူလိုင်လ ၂၁ ရက်နေ့တွင် စီအင်န်အေသို့ ပြောလာခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here