ပြောင်းလဲချင်လို့ သီချင်းသစ်တွေ အများကြီးရေးနေတဲ့ ရဲရင့်အောင်

0
186

yeyintaung1-copy

ဆံပင်ပုံစံနဲ့ ပတ်သက်လို့ ရဲရင့် အောင်ဆီမှာ ခံစားချက်တော်တော် ရှိဟန်တူပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်ကစလို့ အခု ၂ဝ၁၆  ခုနှစ် အထိ ဆံပင်ပုံစံတွေအမျိုးမျိုး   ပြောင်း ထားဖြစ်ခဲ့တာ အခုဆိုရင် သူက ဆံပင် အရှည်ဘက်ကို ဦးတည်နေတာ တွေ့ရပါတယ်။ ရဲရင့်အောင်ရဲ့ လက် ရှိ ဆံပင်ပုံစံအပေါ် ခံစားချက်က..

“ဆံပင်အရှည်ကြီးထားချင်ပါ တယ်။ အခုလည်း အရှည်ကြီး ဆက်ထားဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်ဘယ်လောက် အရှည်ကြီး ဆက်ထားနိုင်မလဲ ဆိုတာတော့ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ပေါ် မှာပဲ မူတည်ပါတယ်။ လောလော ဆယ်တော့ အရှည်ကြီးဖြစ်အောင် ထားချင်ပါတယ်” လို့ သူက ပြောပါ တယ်။  Ve Ve 20th Anniversary  စီးရီးခွေအတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို တက်ရောက်လာခဲ့တဲ့ ရဲရင့်အောင်ကို တွေ့ရတဲ့အခါ အနည်းငယ်များ ပိန်သွားသလားလို့ ဆိုပြီး သူနဲ့စကားပြောဖြစ်တော့..

“ကျန်းမာရေးကကောင်းတယ်။ ကျွန်တော် ပိန်သွားတယ်ဆိုတာ Ve Ve  အခွေအတွက်သီချင်းရယ်၊ ကျွန်တော့်သူငယ်ချင်းတွေ လတ် တလောမှာ စီးရီးခွေထွက်ဖို့ အတွက် တွေ ကူညီပြီးတော့ ရေးနေတာတွေ ရယ်၊ ကျွန်တော့် တစ်ကိုယ်တော်အခွေ အတွက် သီချင်းတွေရေးပေးတာတွေ ရယ်ကြောင့်ပဲ ကျွန်တော် တအားပိန် သွားတာပါ” လို့ပြောပါတယ်။သူက Ve Ve 20th Anniversary  စီးရီး ခွေထဲမှာ ကိုယ်တိုင်တစ်ပုဒ်၊Bobby Soxer နဲ့တစ်ပုဒ် သီဆိုထားပါတယ်။ ရဲရင့်အောင်တို့ သရုပ်ဆောင်ထားတဲ့ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’  ရုပ်ရှင်ဇာတ် ကားကြီးက ရိုက်ကူးပြီးစီးသွားပြီ ဆိုတော့ ရုံတင်မပြသခင် သရုပ် ဆောင်တစ်ယောက်ရဲ့ ခံစားချက် ကို မေးမြန်းဖြစ်ခဲ့ပါသေးတယ်။

“ဒီဇာတ်ကားကြီးထွက်ရှိလာရင် ကျွန်တော်လည်း ကျွန်တော့်ပရိသတ် တွေနဲ့အတူတူ ရုံထဲမှာကြည့်ချင် ပါတယ်။ သူတို့မြင်နေကျမဟုတ်တဲ့ ကျွန်တော့်ကို သူတို့ ဘယ်လိုများ ပြောမလဲဆိုတာ ကျွန်တော်လည်း ရင်ခုန်ပါတယ်” လို့ ရဲရင့်အောင်က ပြောပါတယ်။ ၂ဝ၁၇ ခုနှစ်အတွက် ကြိုတင် Plan ချပြီးပြီလားလို့ ဆိုတဲ့ အခါမှာလည်း..

“လောလောဆယ် ကျွန်တော် လုပ်နေတာက သီချင်းနဲ့ပတ်သက် တဲ့အရာတွေပဲရှိပါတယ်။ ကျွန်တော် တစ်ခုခု ပြောင်းလဲချင်တယ်။ ကျွန်တော့်သီချင်းနားထောင်တဲ့ ပရိသတ်တွေရဲ့ ခံစားချက်တွေကို လည်း တစ်ခုခုပြောင်းလဲပစ်ချင် တယ်။ ကျွန်တော်လုပ်ချင်တဲ့သီချင်းပုံစံတစ်ခုရယ်၊ ကျွန်တော့်အပေါ်မှာ ပရိသတ်တွေမြင်တဲ့ အမြင်တစ်ခု ရယ်ကို ကျွန်တော် အချိန်အများကြီး ယူပြီး တည်ဆောက်ချင်သေးတယ်။ ဒါ ကျွန်တော့်ရင်ထဲကဆန္ဒပါ။ အဲဒီ အတွက် ကျွန်တော်အလုပ် များများ လုပ်မှရမယ်။ အဲဒါကြောင့် သီချင်း တွေ အသားကုန်ရေးနေတာပါ” လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here