ထိုင်းတွင် ထောင်ဖောက်‌ပြေးသည့် မြန်မာတစ်ဦးနှင့် ထိုင်းတစ်ဦးကို အချိန်တိုအတွင်းပြန်လည်ဖမ်းမိ

0
106

ကန်ချနာဘူရီအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထိန်းသိမ်းခံထားရသူ နှစ်ဦးသည် ယနေ့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ထောင် ဖောက်ပြေးမှုဖြစ်ပွားခဲ့သည်။

အကျဉ်းသားနှစ်ဦးဖြစ်သည့် ထိုင်းအမျိုးသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့သည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် နှစ်မီတာမြင့်သော ထောင်ဆူးကြိုးကို ထိုးဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး မကြာခင်မှာပင် ထိုင်းအမျိုးသားကို ထောင်အစောင့်များက ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းထောင်အနောက်ဘက် တောအုပ်ထဲသို့ ထွက်ပြေးသွားသည့် မြန်မာအမျိုးသားကိုလည်း နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အကျဉ်းထောင်မှ ထွက်ပြေးလွတ်‌မြောက်သွားသူနှစ်ဦးစလုံးကို ပြန်လည် ဖမ်းမိခဲ့ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အသိပေးထားသည်။

Source – Bangkok post


LEAVE A REPLY

Please enter your comment!
Please enter your name here