ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၅)နှစ်ပြည့် ကလေးငယ်များအား ကျန်းမာရေးဌာနကဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

0
178

ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း မဖြစ်မနေထိုးနှံကြရန် တိုက်တွန်း

ယနေ့ ဇူလိုင် (၂၁) ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းရှိ အသက် (၅) နှစ်ပြည့်ပြီး KG တန်း တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံရာတွင် မြိုနယ်ကုသရေးဦးစီးဌာနမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် အသက် (၅) နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား /သူများအား  ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မျိုးရိုးဗီဇပြောင်း ကိုဗစ် – ၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို ကာကွယ်ရန် ခြောက်လတစ်ကြိမ် ကိုဗစ် – ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရန်လိုအပ်ကြောင်းနှင့် အထူးသဖြင့် ကလေးငယ်များ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများမှာ ထပ်ဆောင်းကာကွယ်ဆေးကို စဉ်ဆက်မပြတ်ထိုးနှံရန် လိုအပ်ကြောင်း သိရသည်။

မိုးတွင်းကာလဖြစ်သဖြင့် လတ်တလော တုပ်ကွေး ရောဂါအမျိုးမျိုး ဖြစ်ပွားမှုများရှိနေခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားပြီး ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း (အထူးသဖြင့် နာတာရှည် ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်မည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် အသက် ငါးနှစ်နှင့် အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေသွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here