မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း , သြဂုတ် ၇ ရက်တွင် ထိုင်းအသင်းနှင့် ယှဥ်ပြိုင်ရမည်

0
133

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ဘန်ကောက်မြို့၌ ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု(A) တွင်ပါဝင်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု (A)၌ အိမ်ရှင်ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစုအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိကာ သြဂုတ်လ (၇) ရက်၊ ည (၇) နာရီတွင် ထိုင်းအသင်း၊ သြဂုတ်လ (၈)ရက်၊ ည (၇) နာရီတွင် ဆော်လမွန်ကျွန်းစုအသင်းတို့နှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။

Continental Futsal Championship2023 ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များအား ဩဂုတ်လ (၇) ရက်မှ (၉) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဆီမီးဖိုင်နယ်ပွဲစဉ်များအား ဩဂုတ်လ (၁၁) ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဩဂုတ်လ (၁၃) ရက်တို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်ချုပ်သူနည်းပြ (၉) ဦး၊ ကစားသမား (၂၄)ဦးဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here