ကစ်ဆင်းဂျား ၏ တရုတ်ခရီးစဉ်အကြောင်း အိမ်ဖြူတော်က နားစွင့်နေ

0
183

အမေရိကန် က တရုတ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေ

အမေရိကန်၏ထိပ်တန်းသံတမန်ဟောင်း နာမည်ကျော် ဟင်နရီကစ်ဆင်းဂျား (မကြာသေးခင်က အသက် ၁၀၀ ပြည့်ခဲ့သူ၊ တရုတ်သို့ အကြိမ် ၁၀၀ မကရောက်ခဲ့ဖူးသူ)သည် တရုတ်နိုင်ငံသို့သွားရောက်ခါ ရှီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပေကျင်းတွင် ပရိသတ်ပိုရလာသကဲ့သို့ဖြစ်နေကြောင်းအိမ်ဖြူတော်က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ နစ်ဆင် နှင့် ဖို့ဒ် တို့လက်ထက်က နိုင်ငံခြားရေးဝန်ကြီး၊ ၁၉၇၀ ခုနှစ်များဆီကအမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ဝါရှင်တန်နှင့် ပေကျင်းကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်စေခဲ့သော ကစ်ဆင်းဂျားကို တရုတ်သမ္မတ ရှီကျင့်ဖျင်၏ “မိတ်ဆွေဟောင်း” အဖြစ် ကြာသပတေးနေ့ (ဇူလိုင်၂၀)က ရှီ မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။

အိမ်ဖြူတော်က အဆိုပါခရီးစဉ်ကို သိသော်လည်း နိုင်ငံသားတစ်ဦး၏ သီးသန့်ခရီးစဥ်သာဖြစ်သည်ဟု ဆိုသည်။

အသက် ၁၀၀အရွယ် ကစ်ဆင်းဂျား သည် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယိနှင့်  ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ(အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် စကားမပြောသူ)တို့ကိုလည်း တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ကြီး လီသည် မတ်လကတာဝန်ခန့်အပ်ခံရပြီး ရုရှား(အကြီးဆုံးလက်နက်တင်ပို့သူ Rosoboronexport) ထံမှ ၂၀၁၇ ကလက်နက်များဝယ်ယူမှုဖြင့် အမေရိကန်က ဒဏ်ခတ်အရေးယူထားသူလည်းဖြစ်သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ကာဘီ က ကစ်ဆင်းဂျား ထံမှ အသံကိုနားထောင်ရန် စောင့်မျှော်နေပါသည် ဟု ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်ကိစ္စ၊ ကုန်သွယ်ရေး ကန့်သတ်ချက်များကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာနေချိန်တွင် ကစ်ဆင်းဂျားက တရုတ်သို့ သွားခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်သည် မကြာသေးမီက တရုတ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည် ထူထောင်ရန် ကြိုးပမ်းခဲ့သည်။

အမေရိကန်ပြည်​ထောင်စုရာသီဥတုဆိုင်ရာအထူးသံတမန် ဂျွန်ကယ်ရီသည် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်သည်လည်း ပြီးခဲ့သည့်လက ဘေဂျင်းသို့ သွားရောက်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမည့်လများတွင် ရှီနှင့် တွေ့ဆုံလိုသည်ဟု အရာရှိအချို့ကပြီးခဲ့သည့်လတွင် ပြောကြားထားသည်။

စက်တင်ဘာ ၂၀ ရက်၌ နယူးဒေလီတွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး သို့မဟုတ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စည်းဝေးပွဲအပြီးတွင် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် မျှော်လင့်နေကြသည်။

Source:japantimes.co.jp


LEAVE A REPLY

Please enter your comment!
Please enter your name here