ဦးထောင်ဗိုလ် အဝိုင်းအနီး ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရ

0
161

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဗိုလ် အဝိုင်းအနီး ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိမှု ယမန်နေ့ ဇူလိုင် ၂၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က Mitsubishi Pajero အမျိုးအစားယာဉ်နှင့် Toyota Caldina အမျိုးအစားယာဉ်တို့ မျက်နှာချင်းဆိုင်အနေအထားဖြင့် တိုက်မိခဲ့ကြခြင်းဖြစ်သည်။

” Pajero ကားက အဝိုင်းမှာ Taxi တစ်စီးနဲ့ ငြိပြီး တစ်ဖက်ယာဉ်ကြောကို ရောက်သွားတယ်၊ လမ်းမှန်မောင်းလာတဲ့ Caldina ကားက အတိုက်ခံရတာပါ” ဟုရှင်သန်ရေးကူညီမှုအသင်းရုံးချုပ်မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ယာဉ်တိုက်မိမှုကြောင့် Caldina ကားမှာ ခေါင်းပိုင်းကြေမွသွားခဲ့ပြီး ယာဉ်များမီးလောင်မှုမဖြစ်ရန် ဘက္ထရီအိုး ဝါယာကြိုးဖြတ်တောက်ပေးခဲ့ရကာ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်းရုံးချုပ်


LEAVE A REPLY

Please enter your comment!
Please enter your name here