ဇူလိုင်လကုန်တွင် နစက အနေဖြင့်ကာလုံအစည်းအဝေးတွင်ယာယီသမ္မတထံတင်ပြ၍သက်တမ်းတိုးမည်လား ပုံစံပြောင်းမည်လား မသိရသေးသည့်အချိန်တွင် ဒုဝန်ကြီး အပြောင်းအလဲများထုတ်ပြန်ကြေငြာခဲ့သည်။
နစက မှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၏ ဒု-ဝန်ကြီးဒေါက်တာစိုးဝင်းအား နစက ဥက္ကဋ္ဌရုံး၏ ဒု-ဝန်ကြီးအဖြစ်ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်ဟု ဇူလိုင် ၂၁ ရက်က အမိန့်အမှတ် ၄၅/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ နစကဥက္ကဋ္ဌရုံး၏ ဝန်ကြီး မှာမူမရှိသေးပေ။ဇူလိုင် ၅ရက် က နစကဥက္ကဋ္ဌ၏အကြံပေးအဖြစ် ဒုဗိုလ်ချုပ်ကြီးညိုစောအား ခန့်အပ်ထားသည်။
လစ်လပ်သွားခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဒု-ဝန်ကြီးနေရာအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးဇင်မင်းထက်ကိုခန့်အပ်ခဲ့ကြောင် းဇူလိုင် ၂၁ ရက်က အမိန့်အမှတ် ၄၆/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။
နစက မှ ဒု-ဗိုလ်ချုပ်ကြီးနီလင်းအောင်အား ပြည်ထဲရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်၍ ရဲချုပ်တာဝန်အား ပူးတွဲတာဝန်ပေးအပ်ခဲ့သည်ဟု ဇူလိုင် ၂၁ ရက်က အမိန့်အမှတ် ၄၇/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။
ထိုအမိန့်ကြော်ငြာစာများကို နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။