လေရှီးမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့

0
149

လေးရှီးမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဇူလိုင် ၂၁ ရက်ညပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ခဲ့သည်။

ယမန်နေ့ည ၂ နာရီ ၃၅ မိနစ် ၄၅ စက္ကန့်ခန့်က လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက်(၁၆)မိုင်ခန့်အကွာ)၊မြောက်လတ္တီတွဒ်(၂၅ ဒသမ ၂၅)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၀၈)ဒီဂရီ၊အနက် (၈၉)ကီလိုမီတာအားဗဟိုပြု၍ အင်အား ရစ်(ခ်) တာစကေး(၄ ဒသမ ၇)အဆင့်ရှိ အင်အားအနည်း ငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား တမူးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here