ရန်ကုန်ဆိပ်ကမ်းသို့ဆက်တိုက်​ရောက်ရှိလာ​သော EV ကားများ

0
127

အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်းလာသည့် EV ကား(၅)စီး သည် ဇူလိုင် ၂၁ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မ တီ၏ ခွင့်ပြုချက်ဖြင့် MG, MG5 အမျိုးအစား လျှပ်စစ်သုံး(EV) ကား(၅)စီးသည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီ ၂ ခုမှတင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဥ် (EV)ကားအစီး ၄၀သည်လည်း ဇူလိုင် ၂၀ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာသည့် EV ကားများအား တာဝန်ရှိသူများကလုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here