အင်တာမိုင်ယာမီနဲ့ ပွဲဦးထွက်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်ဆီ

0
341

အမေရိကန်ကလပ် အင်တာမိုင်ယာမီရဲ့ကစားသမားသစ် လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ ပွဲဦးထွက်မှာပဲ အသင်းအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ခရုဇ်အေဇူးနဲ့ ပွဲစဉ်မှာ လူစား၀င်ကစားသမားအဖြစ် ၅၄ မိနစ်မှ စတင်၀င်ရောက် ကစားခဲ့ရပေမယ့် နာကျင်အချိန်ပိုမှာ အလွတ်တည်ကန်ဘောကနေတဆင့် အနိုင်ဂိုးကို လှလှပပ သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ရလဒ်တွေဆိုးရွားနေတဲ့ အင်တာမိုင်ယာမီအသင်းဟာမက်ဆီရဲ့ အနိုင်ဂိုးကြောင့် ရှားပါးနိုင်ပွဲကို ရရှိခဲ့ပြီး မက်ဆီအသင်းအတွက် ဂိုးသွင်းယူပြီးချိန်မှာတော့ အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ၀မ်းသာပီတိအပြုံးနဲ့ အောင်ပွဲခံခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here