ချွေးထွက်သော စက်ရုပ်က အပူလွန်ကဲခြင်း၏ အကျိုးသက်ရောက်မှုကို လူသားများနားလည်ရန် ကူညီ

0
229

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှသုတေသီများသည် ချွေးထွက်နိုင်သောစက်ရုပ်ကိုအသုံးပြု၍ လူသားတို့ အပူဒဏ်ခံရလျှင် ဖြစ်ပေါ်လာမည့် အသက်ရှူခြင်း၊ တုန်လှုပ်ခြင်းနှင့် ယင်းတို့မှ ကာကွယ်ရန်တို့ကို လေ့လာခဲ့ကြသည်။

“သူဟာ ကမ္ဘာ့ပထမဆုံး ပြင်ပအပူဒဏ်ခံစက်ရုပ် ဖြစ်ပြီး ပတ်ဝန်းကျင်ကနေ အပူချိန်ကို ခံစားတိုင်းတာနိုင်ပါတယ်” ဟု Arizona State University မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Konrad Rykaczewski က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခု စက်ရုပ် ANDI သည် လူကို အန္တရာယ်မဖြစ်စေဘဲ လူသားတစ်ဦးအနေဖြင့် လွန်ကဲသောရာသီဥတုကို မည်သို့မည်ပုံတုံ့ပြန်သည်ဆိုခြင်းကို စမ်းသပ်တိုင်းတာရန် အလွန်လက်တွေ့ကျသောနည်းလမ်းတစ်ခုဖြစ်သည်ဟု Rykaczewski မှပြောကြားခဲ့သည်။ ANDI ဆိုသည်မှာ Advanced Newton Dynamic Instrument ၏ အတိုကောက်စာလုံးများဖြစ်သည်။

အရီဇိုးနားပြည်နယ်၏မြို့တော် ဖီးနစ်သည် လက်ရှိတွင် သမိုင်းတစ်လျှောက် ၎င်း၏ အမြင့်မားဆုံး အပူလှိုင်းကို အရှည်ကြာဆုံး ခံနေရသည်။ သောကြာနေ့ (ဇူလိုင် ၂၁ ရက်) တွင် အပူချိန်သည် ၄၃ ဒီဂရီစင်တီဂရိတ်ထက် ၂၂ ရက်ဆက်တိုက်ကျော်လွန်နေခဲ့ခြင်းဖြစ်သည်။

လူသားများအတွက် ဤအပူသည် သေစေလောက်သော ခြိမ်းခြောက်မှုကို ကိုယ်စားပြုသည့်အပြင် အပြည့်အဝနားမလည်သေးသော အရာတစ်ခုဖြစ်သည်။ သို့သော် လူသားဆန်သော စက်ရုပ်တစ်ခုဖြစ်သည့် ANDI အတွက်မှာမူ လေ့လာရန် အဆင်ပြေခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here