ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ သိန်းကျော်အား ဟိုပုံးမြို့နယ်တွင်ဖမ်းမိ

0
174

ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်တွင် ဇူလိုင် ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်မှကရင်ပြည်နယ်သို့သယ်လာသည့် ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ သိန်းကျော်အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊နန့်ခုတ်ကျေးရွာအနီးကားလမ်းပေါ်၌ လွိုင်လင်ဘက်မှတောင်ကြီးဘက်သို့ ဝင်းထွန်းနိုင်(ခ)မျိုးတင့် မောင်းလာသည့် HIACE ကားအားရှာဖွေစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ရှမ်းပြည်နယ်မှကရင်ပြည်နယ်သို့သယ်လာသည့် ငွေကျပ်သိန်း ၄၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ ဒသမ ၁၂ သိန်းအားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here