ပူတင် တောင်အာဖရိကလာလျှင် ဖမ်းဆီးရန် အစိုးရအား ဗဟိုတရားရုံးက အမိန့်ထုတ်

0
219

တောင်အာဖရိကဗဟိုတရားရုံးသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ညွှန်ကြားချက်နှင့်အညီ ပူတင်သာ ၎င်းနိုင်ငံတွင်းသို့ ခြေချလာပါက ဖမ်းဆီးရန် အစိုးရအား အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

တောင်အာဖရိကမြို့တော် ပရက်တိုးရီးယား ရှိ ဟောင်တန့် ဗဟိုတရားရုံးက ဇူလိုင်လ ၂၁ ရက် သောကြာနေ့တွင် နိုင်ငံတော် ဥပဒေရေးရာ ဌာန ညွှန်ကြားရေးမှူး ရှာမီလာ ဘာတိုနီအား ပူတင်ကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုပြီးနောက် ယခုကဲ့သို့ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗဟိုတရားရုံးသည် အတိုက်အခံ ဒီမိုကရက်တစ်မဟာမိတ် (DA) ပါတီ၏ တောင်းဆိုချက်များကို သဘောတူညီလိုက်ကာ အာဏာရအစိုးရအား ICC အဖွဲ့ဝင်နိုင်ငံအဖြစ် လိုက်နာရမည့် တာဝန်များကို လိုက်နာပြီး ပူတင်အား ဖမ်းဆီးရန် အမိန့်ပေးခဲ့ကြောင်း နူးစ်၂၄ တွင် ဖော်ပြထားသည်။ တောင်အာဖရိကသည် ၁၉၈၈ ခုနှစ်ကတည်းက ICC အဖွဲ့ဝင်ဖြစ်လာခဲ့သည့် နိုင်ငံဖြစ်သည်။

ICC သည် ပူတင်အား ယူကရိန်းကလေးငယ်များအား ရုရှားသို့ ပြန်ပေးဆွဲမှုဖြင့် မတ်လမှစ၍ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြင့်၍ ပူတင်သည် ဩဂုတ်လတွင် တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့၌ ကျင်းပမည့် ဘရစ် (BRICS) ထိပ်သီး အစည်းအဝေးကို လူကိုယ်တိုင်မသွားဘဲ ဗီဒီယိုကောလ် ဖြင့်သာ တက်ရောက်မည်ဟု ကြေညာခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here