လောင်းလုံးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ပစ်ခတ်ခံရ၍ သေဆုံး

0
128

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဒု-ဦးစီးမှူး ဦးသိန်းဦး(၅၃)နှစ်ခန့်သည် ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ နေထိုင်သည့် စိုက်ပျိုးရေး ဒု-ဦးသိန်းဦးအား ၎င်း၏နေအိမ်အနီး ဆီအုန်းခြံတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဒု-ဦးစီးမှူးဦးသိန်းဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လောင်းလုံးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here