ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုးသွားကားလမ်းတွင် အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းအတွင်း ထိုးကျတိမ်းမှောက်

0
259

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမှတ်(၁) နယ်မြေရှိ မန္တလေး-လားရှိုးသွားကားလမ်းတွင် ဇူလိုင်လ ၂၂ ရက် (ယနေ့) နံနက်ပိုင်းက အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“မန္တလေး-လားရှိးကားလမ်းပေါ်က ကြက်ခြံကွေ့မှာ ဖြစ်သွားတာပါ။ ကွေ့ကြောဖြစ်နေတော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက မြောင်းထဲကို ထိုးကျပြီး မှောက်သွားတာ။ ကားပေါ်မှာက ကားမောင်းတဲ့လူ အပါအဝင် (၃) ယောက်လိုက်လာတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ဖြစ်စဥ်တွင် ကားပေါ်၌ လိုက်ပါလာသူ (၃) ဦးအနက် ကားမောင်းသူတစ်ဦးသာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြပြီးနောက် ဝက်ဝံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here