သွေးသစ်၀င်းလှိုင်နှင့် ပြန်လည်ထိုးသတ်မည့် ထွန်းထွန်းမင်း

0
204

လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ လာမည့် ဩဂုတ်လအတွင်း ပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် သြဂုတ်လ ၂၀ရက်နေ့တွင် သိမ်ဖြူအားကစားရုံကြီး၌ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆိုသည့်ခေါင်းစဥ်ဖြင့် ထပ်မံ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အမှတ်ပေးစနစ်မပါဝင်ပဲ အလဲထိုးအနိုင်စနစ်ဖြင့် ယှဥ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်ကာ အလဲထိုး အရှုံးအနိုင်မပေါ်ခဲ့ပါက သရေပွဲအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်သည် ပထမအကြိမ်တွေ့ဆုံမှုအဖြစ် TGL 3 တွင် သွေးသစ်ဝင်းလှိုင် က ဒိုင်အမှတ်ဖြင့်အနိုင်ရရှိထားသည်။

ပုံစာ – TGL 3 တွင် ထိုးသတ်နေသည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်

Photo – Canal +


LEAVE A REPLY

Please enter your comment!
Please enter your name here