ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို လေ့လာရန် UEC ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်

0
149

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို လေ့လာရန် ဇူလိုင်လ ၂၁ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ UEC ဥက္ကဋ္ဌဦးသိန်းစိုးမှ ကော်မရှင်အဖွဲ့ဝင်ဦးစိုးဦးနှင့်အတူ ဇူလိုင်လ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများအဖြစ် သွားရောက်ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ၌ UEC ဥက္ကဋ္ဌဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်ဦးစိုးဦးတို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲကျင်းပပုံလုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည့် UEC ဥက္ကဋ္ဌအား ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးအောင်စောဝင်းနှင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here