အင်ဒိုနီရှားမှ ကာယဗလ ဆယ်လီတစ်ဦး လည်ပင်းပေါ် အလေးတန်း ပြုတ်ကျကာ သေဆုံး

0
290

စင်ကာပူ၊ ဇူလိုင် ၂၁

အင်ဒိုနီးရှားနိုင်ငံမှ အသက် ၃၃ နှစ်အရွယ် ကာယဗလ ဆယ်လီတစ်ဦးသည် အလေး မရင်း အလေးတန်း လည်ပင်းပေါ် ပြုတ်ကျကာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။

ဂျက်စတင် ဗစ်ကီသည် ဇူလိုင်လ ၁၅ ရက် စနေနေ့တွင် ဘာလီကျွန်းရှိ အားကစားရုံတစ်ခု၌ အလေးမနေစဉ် ယခုကဲ့သို့ မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်ဖြစ်သည်။

ဗစ်ကီသည် ပခုံးပေါ် အလေးတန်းတင်ပြီး ထိုင်နေသည့် အနေအထားမှ ထရန် ကြိုးပမ်းစဉ် အလေး မနိုင်သဖြင့် ပြန်ထိုင်ချရာမှ လည်ပင်းပေါ် အလေးတန်း ပြုတ်ကျ၍ လည်ပင်း ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ် ပျံနှံ့လာသော ဗီဒီယိုတစ်ခုတွင် ပြထားသည်။ ဆေးရုံသို့ အမြန် ပို့ဆောင်ခဲ့သော်လည်း အရေးပေါ်ခွဲစိတ်ခန်းထဲ ရောက်ပြီး သိပ်မကြာခင် သေဆုံးသွားခဲ့သည်။

အဆိုပါ မတော်တဆမှုဖြစ်ပွားချိန်တွင် ဗစ်ကီသည် အလေးချိန် ၄၆၂ ပေါင် (၂၁၀ ကီလိုဂရမ်) ရှိသော အလေးတန်းကို မရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ဗစ်ကီသည် ကာယဗလမောင်နှင့် ကာယဗလပညာရပ်ကို သီးသန့် လေ့ကျင့်ပေးသူ ဖြစ်ရုံသာမက အင်စတာဂရမ်၌ ဖော်လိုဝါ သုံးသောင်းရှိသူ ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here