မြန်မာ့ပင်လယ်ပြင်၊ ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာတွင် ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဆိုင်ရာ အကြိုစစ်တမ်းလုပ်ငန်းများ မပြီးသေး၍ ဩဂုတ်လ ၁၅ ရက်အထိ ဆက်လက်လုပ်ဆောင်မည်

0
104

မြန်မာ့ပင်လယ်ပြင်၊ ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာတွင် ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဆိုင်ရာ အကြိုစစ်တမ်းလုပ်ငန်းများ မပြီးသေး၍ ဩဂုတ်လ ၁၅ ရက်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် POSCO International Coorporation(Myanmar E&P)မှ M.V FURGO EQUATOR သင်္ဘောဖြင့် အဆိုပါစစ်တမ်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများမပြီးသေး၍ ရေကြောင်းသတိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်၊ ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာတွင် ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဆိုင်ရာ အကြိုစစ်တမ်း (Pre Construction Survey) လုပ်ငန်းများ မပြီးသေးသည့်အတွက် ရေကြောင်းသတိပေးချက်ကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်က ဇွန်လ (၁) ရက်မှ ဇူလိုင် (၃၁) ရက်အထိ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသော်လည်း လုပ်ငန်းများမပြီးပြတ်သေးသည့်အတွက် ဇူလိုင် (၃၁)ရက်မှ ဩဂုတ်လ (၁၅) ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းလုပ်ငန်းများဆောင်ရွက်နေစဉ် ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာအတွင်းနှင့် အဆိုပါနေရာနှင့် (၄) ကီလိုမီတာပတ်လည်တွင် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည့်အတွက် သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here