ပို့ကုန်ရငွေလဲလှယ်မှု ရာခိုင်နှုန်းပြောင်းလဲသတ်မှတ်ပြီးနောက် ဆန်များနယ်စပ်မှတစ်ဆင့် ပြန်တင်ပို့နေ

0
230

ပို့ကုန်ဝင်‌ငွေ ၆၅ – ၃၅ စနစ်ကြောင့် နယ်စပ်ဆန်တင်ပို့မှုမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေရာမှ ပြီးခဲ့သည့် ဇူလိုင်လ ‌၁၃ ရက် ရက်စွဲဖြင့် ပို့ကုန်ဝင်ငွေ ၆၅ အစား ၅၀ ရာခိုင်နှုန်းပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ဆန်ကုန်စည်အချို့ ပြန်လည်တင်ပို့မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောကြားသည်။

“၅၀/၅၀ သတ်မှတ်လိုက်တော့ စမ်းတော့သွားကြည့်နေတယ်။ အရင် ၆၅/၃၅ စနစ်တုန်းက ရပ်ထားတာဆိုတော့။ အဆင်ပြေမလား မပြေဘူးလားဆိုတာ စောင့်တော့ကြည့်ရမှာပေါ့။ အခုကတော့ အစီးရေ ၃၀ နဲ့ ၄၀ ကြားသွားနေတယ်”ဟု ၎င်းကဆိုသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရမည်ဆိုသည့် ကြေညာချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး၊ ၅၀ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်းကို ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါမူဝါဒအတွင်း ပါဝင်သည့်ပို့ကုန် ခြောက်မျိုးမှာ ပဲ၊ ပြောင်း၊ နှမ်း/ မြေပဲ၊ ရာဘာ၊ ရေထွက်ပစ္စည်းနှင့် တိရိစ္ဆာန်အရှင်တို့ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆန်/ဆန်ကွဲမှလွဲ၍ အခြားပို့ကုန်၊ သွင်းကုန်ပစ္စည်းများ ပုံမှန်အတိုင်းသွားလာနေကြောင်း သိရသည်။

Photo – Ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here