အထည်ချုပ်စက်ရုံအချို့တွင် လုပ်ခလစာ တိုးရန် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံရကြောင်း သတင်းများ မမှန်ကြောင်း သတင်းထုတ်ပြန်

0
133

လုပ်ခလစာတိုးမြှင့်တောင်းခံမှုကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ အခြားသောအကြောင်းကိစ္စများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းဟုသိရ

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များနှင့် အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးပါရန် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံရကြောင်း သတင်းဖော်ပြမှု နှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ဇူလိုင်လ ဒုတိယပတ်အတွင်းက အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာထားသည်။

ဖမ်းဆီးခံရကြောင်းသတင်းကို ILO ရန်ကုန်ရုံး၏ Facebook Page လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ထားသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ “အဆိုပါကိစ္စသည် ပြဋ္ဌာန်းချက်အမှတ် (၈၇)နှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း၊ အခြေခံအလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်နေပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် “အလုပ်သမားသမဂ္ဂဝင်များနှင့် အလုပ်သမားများသည် ထုတ်ပြန်ချက်ပါ လုပ်ခလစာတိုးမြှင့်တောင်းခံမှုကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ အခြားသောအကြောင်းကိစ္စများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းနေရခြင်းဖြစ်ကြောင်း” သိရှိနိုင်ပါရန်နှင့် ILO ရန်ကုန်ရုံးအနေဖြင့် နောင်တွင် ဤကဲ့သို့ ထုတ်ပြန်ချက်များ ဆောင်ရွက်ရာတွင် အကြောင်းခြင်းရာမှန်ကန်မှုရှိစေရန် အထူးဂရုစိုက်၍ ထုတ်ပြန်ပါရန် အလုပ်သမားဝန်ကြီးဌာနက သတိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။       


LEAVE A REPLY

Please enter your comment!
Please enter your name here