Passport ပျောက်ဆုံးသူများ သတင်းစာတွင် ပျောက်ဆုံးကြော်ငြာထည့်သွင်းပြီး (၆) လအကြာတွင် အသစ်ပြန်လျှောက်ထားနိုင်

0
458

နိုင်ငံကူး လက်မှတ်ပျောက်ဆုံးသူများ အနေဖြင့် နိုင်ငံပိုင် သတင်းစာတွင် ပျောက်ဆုံးကြောင်း ထည့်သွင်းကြော်ငြာပြီး (၆) လအကြာတွင် အသစ်ပြန်လည် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။

လစဉ် ပြည်တွင်း၊ ပြည်ပ၌ နိုင်ငံကူး လက်မှတ်ပျောက်ဆုံး၊ ပျက်စီးပြီး ပြန်လည်လျှောက်ထားသူများပြားလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ပျောက်ဆုံးသူများအနေဖြင့် ပြန်လည်လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ‌ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက်တို့ဖြင့် နိုင်ငံပိုင်သတင်းစာ တစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပြန်ရရေးအတွက် အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ပျောက်ဆုံးနိုင်ငံကူးလက်မှတ် အမှတ်တို့အား မှန်ကန်စွာထည့်သွင်းကြော်ငြာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သတင်းစာတွင် ကြော်ငြာပါပြီး (၆) လ အကြာတွင် သတင်းစာမူရင်းနှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများသို့ သွားရောက်ကာ ပြည်တွင်းတွင် အမှန်တကယ် ပျောက်ဆုံးကြောင်း ခံဝန်ကတိပြု လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here