ရန်ငြှိုးမရှိဘဲ ဓားဖြင့်ဝင်ခုတ်သူထံက ဓားလုကာ ပြန်ခုတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးမှု ဇေယျာသီရိ မြို့နယ်တွင်ဖြစ်ပွား

0
184

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာတွင် ဇူလိုင် (၂၂) ရက်ညပိုင်းက ရန်ငြှိုးမရှိဘဲ နေအိမ်ထဲအထိဝင်၍ ဓားဖြင့်ခုတ်ရာ အခုတ်ခံရသူက ဓားလုပြီး ပြန်ခုတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာနေ ဦးဝင်းကို (၄၃) နှစ်သည် တစ်ရွာတည်းနေ ဦးခင်မောင်လွင် (၄၄) နှစ်၏ နေအိမ်သို့ ဓားရှည်တစ်ချောင်းကိုင်ဆောင်ကာ သွားရောက်ခဲ့ပြီးနောက် ဦးခင်မောင်လွင်အား အသင့်ပါလာသည့် ဓားရှည်ဖြင့် ရန်ငြှိုးမရှိဘဲ ခုတ်ခဲ့ကြောင်း သိရသည်။

ဦးခင်မောင်လွင်မှာ ဓားကိုလုယူကာ ဦးဝင်းကိုအား ပြန်ခုတ်ခဲ့သဖြင့် ဦးဝင်းကို၏ ဂုတ်ပိုးအထက်၌ ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးခင်မောင်လွင်၏ ဘယ်ဘက်ပါးတွင်လည်း ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇေယျာသီရိမြို့နယ်ရဲစခန်းမှ ဦးခင်မောင်လွင်အား ဖမ်းဆီးကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here